Friday, May 23, 2014

ရခိုင်တိုင်းရင်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရခိုင် ခရီးစဉ်

ရက်စွဲ။ ၁၇-၅-၂၀၁၄
နိဒါန်း
ကျွန်တော်တို့ မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေရှ့် နိုင်ငံမှ ပြန်လည်ခိုလှုံ ၀င်ရောက်လာကြသော မြန်မာ တိုင်းရင်းသား ရခိုင် လူမျိုးစုများအား ကူညီအားပေးနိုင်ရန်အတွက် YMBA အသင်း (ရွှေပြည်သာ)နှင့် အမျိုးသားရေးမြန်မာလူငယ်များအသင်းမှ စတင် အစီအစဉ်ချ၍ ဆောင်ရွက်ခဲ့ပါသည်။ အသေးစိတ် အစီအစဉ်များအား အမျိုးသားရေး ပုဂ္ဂိုလ်များ၊မျိုးချစ်လူငယ်များနှင့်အတူ YMBA အသင်း(ရွှေပြည်သာ)ရုံးခန်းတွင် အစည်းအဝေးတစ်ရပ်ခေါ်ယူကာ တွေ့ဆုံဆွေးနွေး၍ ၂၅-၄-၂၀၁၄ တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် ဆုံးဖြတ်ခဲ့ပါသည်။

ဤအစီအစဉ်အတွက် YMBA အသင်း (ရွှေပြည်သာ)မှလည်းကောင်း၊ အမျိုးသားရေးမြန်မာလူငယ်များအသင်းမှလည်းကောင်း၊ အစည်းအဝေးတက်ရောက်သော အမျိုးသားရေး ပုဂ္ဂိုလ်များ၊ မျိုးချစ်လူငယ်များမှလည်းကောင်း၊ ပြည်တွင်းပြည်ပ အမျိုးသားရေး အလေးထားကုန်ကြသော ပုဂ္ဂိုလ်များမှလည်းကောင်း၊ ကိုယ်စီကိုယ်စီ တာဝန်များခွဲဝေလျက် အလှူငွေကောက်ခံခြင်း၊အ၀တ်အစားများ အလှူခံခြင်းကို အမြန်ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်း ပြည်ပမှ အလှူရှင်များ၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် လှူဒါန်းပေးမှုကြောင့် ကျွန်တော်တို့ မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့အတွက် ကူညီပံ့ပိုးပေးကြပါသော အမျိုးသားရေး ပုဂ္ဂိုလ်များ၊ မျိုးချစ်လူငယ်များနှင့် အလှူရှင်များ၊ ခရီးစဉ်တစ်လျှောက် သက်ဆိုင်ရာ အခန်းကဏ္ဍများမှ ပါဝင်ကူညီပေးခဲ့ပါသော သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအား ကျွန်တော်တို့မှ အထူးကျေးဇူးတင်ရှိပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ပြုပါကြောင်း ပဏာမအနေနဲ့ပြောကြားလိုက်ပါသည်။
၂
၅-၄-၂၀၁၄ တွင် ရခိုင်ပြည်နယ် မောင်တောသို့ ဦးဝီသဌ(မစိုးရိမ်ကျောင်းတိုက်)၊ဦးစိန်အောင်(YMBA ရွှေပြည်သာ ဥက္ကဌ) တို့မှ ဦးစီးကာ စုစုပေါင်း သံဃာ(၁)ပါး၊ လူပုဂ္ဂိုလ်(၆)ယောက်ဖြင့် ရခိုင်ပြည်နယ် မောင်တော ခရီးစဉ်ကို စတင်ခဲ့ကြပါသည်။
ရည်ရွယ်ချက်
၁။ ဘင်္ဂလာဒေရှ့်မှ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများကို မြန်မာပြည်တွင်းနေ တိုင်းရင်းသားများမှ လျစ်လျူရှုမထားကြောင်းကို သိရှိစေရန်၊
၂။ ဘင်္ဂလာဒေရှ့်မှ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများ ကို အများပြည်သူများနှင့် သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများသိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်
၃။ ဘင်္ဂလာဒေရှ့်မှ ပြန်လည်ဝင်ရောက်လာသော ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအတွက် လူမှုရေး၊ စီးပွားရေး၊သက်သာချောင်ချိရေး များ၊နှင့် အသက်အိုးအိမ်စည်းစိမ်လုံခြုံနေရးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်စေရန်
၎။ မောင်တောဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်နယ်နှင့်ပြည်မ ပေါင်းကူးတံတားသဖွယ် စီးပွားရေးများလျင်မြန်စွာ ကူးလူး ဆက်သွယ်နိုင်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် သွားရောက်ခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)

သခင် ခက်ထန်
သခင်ခက်ထန်၏ ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြအပ်ပါသည်။

No comments: