Friday, May 23, 2014

၂၀၁၅ နှင့် ဒေါ်စု

၂၀၁၅ ရွေးကောက်ပွဲ လုပ်ခါနီး ...
လူတွေကို လမ်းပေါ်တက်ခိုင်းလိုက်ရင် ...
လက်ရှိ အာဏာရပါတီ က ...
မဖြစ်မနေ ထိန်းသိမ်း ရတော့မယ် ...

အဓိကရုဏ်း နှိမ်နှင်းတာ ဟာ ...
သမီးရည်းစား ချိန်းတွေ့ သလောက် ...
ချစ်ဖို့ မကောင်းတဲ့ အတွက် ...
အာဏာရပါတီ အပေါ် လူတွေက ထပ်မုန်းကြမယ် ..
မရှိမဲ့  ရှိမဲ့  လူထု ထောက်ခံမှုလေး ...
အပြီးသတ် ကိစ္စတုန်းသွားမယ် ...

အာ့ အချိန်မှာ ...
မေမေက လူထုကို ...
စည်းကမ်း ရှိကြပါ ...
တရားဥပဒေ စိုးမိုးကြပါ လို့  ဖမ်းထိန်းလိုက်ရင် ..
ရွေးကောက်ပွဲလဲ အိုကေ ...
မေမေ လဲ နာမည်ရ ....
ဘပြောင် ကြီးလဲ ဂျွမ်းပြန်ကျ ...
တစ်ချက်ခုတ် သုံးချက်ပြတ် ...
အို အရမ်းတော် ...
အရမ်း အကွက်မြင်တာပဲ မေမေ...

သား အရင်ကတည်း က ...
မေမေ့ ကို မထောက်ခံ ခဲ့ မိတာ ...
အရမ်း အရမ်း အရမ်း ကို ...
နောင်တ ရ မိတယ် မေမေ ...

အို ကောင်းကင် မေမေ ...
စင်္ကြာဝဋ္ဌာ မေမေ ...
အနှိုင်းမဲ့ မေမေ ...

From:Ye Moe 

www.mmdailystar.com 

No comments: