Friday, May 23, 2014

ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရှိသည့် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများကို BOT စနစ်ဖြင့် နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြုမည်

ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများသာ လုပ်ကိုင်ခွင့်ရှိသည့် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများကို BOT စနစ်ဖြင့် နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန် မေ ၂၂

 ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများသာ BOT စနစ်ဖြင့် လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိခဲ့သည့် လမ်း၊ တံတား ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
မြန်မာ့ ဆောက်လုပ်ရေး ကဏ္ဍတွင် ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ယင်းကဲ့သို့ နိုင်ငံခြား ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အပြိုင်ဆောင်ရွက် ရခြင်းမှာလည်း မြန်မာ့ ဆောက်လုပ်ရေး ကဏ္ဍ၏ ကြီးမားသော စိန်ခေါ်မှု တစ်ခုပင် ဖြစ်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။
၂ဝ၁၄ ခုနှစ်တွင် ဆောက်လုပ်ရေး ကဏ္ဍသည် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ဒုတိယ အများဆုံး လုပ်ငန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၇၃၃ ဘီလီယံ ရှိကြောင်းလည်း သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၃၇ သန်းကျော်ရှိပြီး တောင်ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ လာရောက်ရင်းနှီး မြှုပ်နှံမှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဆောက်လုပ်ရေး လုပ်ငန်းများကို နိုင်ငံသားများနှင့်သာ ဖက်စပ်လုပ်ကိုင် ခွင့်ပြုထားကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍ အနေဖြင့် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုး လာခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံး စီးပွားရေး လုပ်ငန်းများတွင်လည်း ထိပ်တန်း စာရင်းဝင် လုပ်ငန်းအဖြစ် ရပ်တည် လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် နည်းပညာများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်လျက် ရှိကြောင်းနှင့် ယင်းကဲ့သို့ မြန်မာနိုင်ငံရှိ ဆောက် လုပ်ရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အရှိန် အဟုန်ဖြင့် ဝင်ရောက် လာခြင်းသည် မြန်မာနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ကြီးမားသည့် စိန်ခေါ်မှု အဖြစ် ရှိကြောင်း မြန် မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ထံမှ သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဆင့်မြင့် လုပ်သားများ ပေါ်ထွန်းလာစေရန် အတွက် သင်တန်းပေးမည့် အစီအစဉ်များကိုလည်း မြန် မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းမှ ပေးသွားရန် စီစဉ်ဆောင်ရွက် နေသည်ဟုလည်း သိရသည်။



မြဝတီ

No comments: