ထိပ်တန်းအခွန်စာရင်းတွင် မပါဝင်သည့် ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီများ၏ အမှန်တကယ် ပေးဆောင်ရမည့် အခွန်များကို သတ်မှတ်နိုင်ရန် စိစစ်ခြင်းတို့ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဆိုခဲ့သည်။
အဖွဲ့အစည်း တစ်ခုချင်းစီအလိုက် အနည်းအများကတော့ သုံးတဲ့ငွေ ၊ ရရှိတဲ့အ့ကျိုးအမြတ် ၊ ခံစားနိုင်တဲ့ အခွန်သက်သာခွင့်များအပေါ် မူတည်ပြီး ကွာခြားနိုင်ကြောင်း ၊ အခွန်ပေးတာနည်းခြင်းအား အခွန်ရှောင်ခြင်းဟု ကောက်ချက်ချ၍ မရကြောင်းကိုလည်း ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဇွန်လ(၆)ရက်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
လက်ရှိတွင် စီးပွားရေးကဏ္ဍအလိုက် အခွန်ဆောင်ထားသူများစာရင်းကို ပြုစုလျက်ရှိကြောင်း ၊ အခွန်ရှောင်တိမ်းထားသည့် ကုမ္ပဏီများကို တွေ့ရှိသည်နှင့် နောက်ကြောင်းပြန် အခွန်ပြန်ကောက်ခြင်း ၊ အရေးယူခြင်းတို့ ပြုလုပ်သွားမည်ဟု အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဌ ဦးသောင်းလွင်က ဆိုခဲ့သည်။
Eleven media
No comments:
Post a Comment