Jun 30, 2014
ခေတ်ကောင်းသဖြင့် သံချောင်းဖာခေါင်းလုပ်မည်။ တရားဝင်ဖာခန်းများဖွင့်ခွင့်ရရေးကြိုးပမ်းနေကြပြီ ။ တောင်းဆိုနေကြပြီ။ ဒါအလွန်ကောင်းသောအချက်ဖြစ်သည်။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေနိုင်ငံတစ်ခုဖြစ်ဖို့ဆို ဖာခန်းများရှိဖို့လိုသည်။လူငယ်တွေ လမ်းပေါ်မရောက်သင့် ဖာခန်းရောက်သင့်သည်။ ထို့ကြောင့် တိုင်းပြည်ကိုတိုးတက်စေချင်သော သံချောင်းဖာခန်းဖွင့်မည်။
သံချောင်းဖွင့်မည်ဖာခန်းတွင်အလုပ်လုပ်မည့် မိန်းခလေးများကို ဒီအတိုင်းမခန့်။ ဂရိတွေ ပါရှားသွားပညာသင်ခဲ့သလို နိုင်ငံတကာသို့အဆင့်မြင့်ပညာတော်သင်လွှတ်ရမည်။ တတ်မြောက်ပြန်လာတာတောင်မှ အဆင့်ဆင့်စမ်းသပ်စစ်ဆေးပြီးမှခန့်အပ်မည်ဖြစ်သည်။
ဖာခန်းအား အဆင့်မြင့်ဟော်တယ်ထက်သာအောင်ဖွင့်လှစ်မည်။ ဖာခေါင်းမှန်းလူမသိမဖြစ်ရလေအောင် ဖာခေါင်းသံချောင်းဟုနာမည်ပြောင်းမည်။ပြည်တွင်းပြည်ပ သတင်းစာ
တွေထဲမှာ စာမျက်နှာပြည့် ကြေငြာထည့်မည်။ လူငယ်များ ဖာများများချချင်လာအောင်ဆွဲဆောင်မည်။ လမ်းစုံလမ်းဂွများတွင် ဘေဘုတ်ထောင်မည်။ မြန်မာ့အသံ၊skynet တို့လိုရုပ်သံများတွင်လည်းနာမည်ကြီးမင်းသားမင်းသမီးများနှင့်ကြေငြာမည်။ လူတိုင်းဖာချချင်စိတ်ပေါက်နေအောင်လုပ်ဆောင်ရမည်။
ဖာခန်းဖွင့်သည့်နေ့မှာမီဒီယာတွေကိုဖိတ်ပြီး အမြည်းပေးချမည်။ ဒါမှထောက်ခံတဲ့သဘောနဲ့ကောင်းကောင်းရေးကြမှာဖြစ်သည်။ မီဒီယာတွေမယုံရ မဟုတ် ၀ိုင်းဖဲ့ကြအုန်းမည်။ မီဒီယာထဲမှာ ဖာသည်မပါးရိုက်တတ်တဲ့လူရှိသည်ကြားသည်။ ဒါမျိုးမဖြစ်အောင် လုံခြုံရေးကောင်းကောင်းထားရမည်။ ဒီနေရာမှာ ဖာသည်အခွင့်အရေးတစ်ရပ်ရှိသင့်သည်။ ဖာခေါင်းအသင်းထူထောင်ရမည်။ဖာဥပဒေတစ်ရပ်ရေးဆွဲဖို့လွှတ်တော်ကိုတင်ပြတောင်းဆိုရမည်။ တစ်နိုင်လုံးဖာဈေးနှုန်းတစ်ပြေးညီသတ်မှတ်ရေး၊ ဖာသည်များစည်းလုံးညီညွတ်ရေး စတာတွေလုပ်ရမည်။
ဖာခန်းဖွင့်မည်ဆိုမှမိန်းခလေးများအတွက်လည်းစဉ်းစားရသည်။ ယောကျာင်္းဖာသည်လည်းရှိသင့်သည်။
မဟုတ်ကျားမခွဲခြားသည်ဟုစွတ်ဆွဲခံရအုန်းမည်။ ဖာခေါင်းလုပ်ပြီး ကိုယ်တိုင်ဖာမခံဖူးလို့မဖြစ် ။ သိက္ခာကျသည်။ ဒါ့ကြောင့် အရင်ဆုံးဖာခံဖို့လုပ်ရမည်။ ဖာခံမည်ဆို ကိုယ့်ပဲမြစ် ကိုယ်ပြန်ငုံကြည့်တော့ ၅၀၀ သာရနိုင်သည်။။ဒါပေမယ့်လည်းကိစ္စမရှိ လူတစ်ကိုယ်အကြိုက်တစ်မျိုးစီရှိသည်။
တစ်နိုင်ငံလုံးဖာခန်းများတရားဝင်ဖွင့်ရမည်။ ကမ္ဘာလှည့်ခရီးသွားတွေကို ကိုယ်နိုင်ငံလာ ဖာဝင်ချချင်အောင်ဆွဲဆောင်ရမည်။ ဒါသံချောင်းမျော်လင့်ချက်ဖြစ်သည်။ဒီလိုနဲ့
ဖာနိုင်ငံ ကိုအခုတက်လှမ်းနိုင်တော့မည်ဟု တွေးရင်းဝမ်းမြောက်ဝမ်းသာဖြစ်မိသည်။ ဗိုလ်ချုပ်သာရှိရင်ဘယ်လောက်ဝမ်းသာလိုက်မလဲ ဟုမျက်ရည်တောင်ဝဲမိသည်။
ဒါ့ကြောင့် သံချောင်းဖာခေါင်းလုပ်တော့မည်။
ပုံ။ ဖာခေါင်းသံချောင်း

No comments:
Post a Comment