ဇွန်လ ၂၆ ရက်တွင်ပြုလုပ်ခဲ့သည့် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်မှ တပ်မတော်သား များ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်စဉ်ကျဆုံးပါက အရာရှိ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အခြားအဆင့်တစ်ဦးလျှင် ရှစ်သိန်းနှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးနေပြီး လေးနှစ်အတွင်း သိန်းပေါင်းနှစ်သောင်း သုံးထောင်ကျော်ထောက် ပံ့ပြီးကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ များအား အရာရှိတစ်ဦးလျှင် ကျပ် ငါးသိန်း၊ အခြားအဆင့်တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ၂၀၁၀ ပြည့်နှစ် ဧပြီလမှ စတင်ထောက်ပံ့ပေးလျက် ရှိ ကြောင်း ပြောကြားခဲ့သည်။
ကျပ်သိန်းပေါင်း နှစ်သောင်းသုံးထောင်ကို အချိုးချကြည့်ပါက ၂၀၁၀ ခုနှစ် မှ ၂၀၁၄ နှစ်ကုန်အထိ တိုင်းရင်းသား သောင်းကျန်းသူများ သတ်ဖြတ်သဖြင့် သေဆုံးခဲ့ရသူ ၂၀၀၀ ကျော် ရှိပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော် ရှိမည်ဟု ခန့်မှန်းရသည်။ ဒဏ်ရာရသူ နည်းလျှင် ကျဆုံးသူ ပိုများ၍ ကျဆုံးသူ လျှော့လိုက်လျှင် ဒဏ်ရာရသူ ပိုများလာမည်ဖြစ်သည်။ ကျဆုံးစစ်ဗိုလ် ၏ ကျန်ရှိမိသားစုမှာ ၁၀ သိန်းဖြင့် ကျေနပ်ခဲ့ရပြီး စစ်သည်မိသားစုများမှာ ၈ သိန်းသာ ရရှိရာ MPC မှ ဦးအောင်မင်း၏ တစ်လစာလောက်တောင် မရှိကြောင်း သိရသည်။
ယခုလ ၇ ရက်နေ့ကပင် ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းမှ ကျဆုံးစစ်သည်များ၏ သစ္စာကို စောင့်သိစရာမလိုဟု ပြောဆိုခဲ့ပြီး "ဖေဖေထူထောင်ခဲ့တဲ့ တပ်မတော်မို့ ပိုပြီး သံယောဇဉ်ရှိတယ်" ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်က အခွင့်ထူးခံနေကြောင်း မေလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
.jpg)
No comments:
Post a Comment