Monday, June 30, 2014

ဒဏ်ခတ်ပိတ်ဆို့မှုသံသရာ တစ်ပတ်ပြန်လည်လာဦးမှာလား


Jun 30, 2014
စစ်အစိုးရလက်ထက် မြန်မာ့နိုင်ငံရေးမှာ ရေပန်း အစားဆုံးစကားလုံးကတော့ ''စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှု''ဆိုတဲ့စကားပါပဲ။ အဲဒီကာလမှာ မြန်မာပြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမရှိလို့ မြန်မာ အစိုးရအပေါ်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ အတိုက်အခံဒီမိုကရေစီအင်အားစုတွေက အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကို တောင်းဆိုလှုပ်ရှားခဲ့ ကြတယ်။ အခြားတစ်ဖက်မှာတော့
မြန်မာအစိုးရကလည်း ''စီးပွားရေးပိတ်ဆို့တာတို့အမှုပါ သယံဇာတတွေပေါတဲ့ မြေ''ဆိုတဲ့ ဝါဒဖြန့်သီချင်းတွေနဲ့ ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေ ကို ဂရုမစိုက်ဘဲ နိုင်ငံထဲမှာရှိတဲ့ သဘာဝသယံဇာတတွေကို ကိုယ်နဲ့အဆင်ပြေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဈေးပေါပေါ နဲ့ရောင်းပြီး ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းကို မထီမဲ့မြင်ပြု ခဲ့သလို အတိုက်အခံတွေကိုလည်း ပြင်းပြင်းထန်ထန်နှိပ် ကွပ်ခဲ့တယ်။ အဲဒီလို မြန်မာအစိုးရရဲ့လုပ်ရပ်ကို လက်မခံ လို့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအချို့ဟာ မြန်မာနိုင်ငံကှိုညေ- ခအေငသည(ဒဏ်ခတ်ပိတ်ဆို့မှု) ပြုလုပ်လိုက်တဲ့အခါ ရလဒ် အနေနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံ တစ်ခုအဖြစ်မှ ရုန်းထွက်နိုင်ခြင်းမရှိတော့ဘဲ ယနေ့တိုင် နှစ်မြုပ် ခံစားနေရပါတော့သည်။


နောက်ပိုင်းမှာ တိုင်းပြည်ဆင်းရဲမွဲတေသွားတာဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို ထောက်ခံခဲ့တဲ့ အတိုက် အခံတွေ (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်)ကြောင့် လို့ အစိုးရဘက်က စွပ်စွဲပြစ်တင်နေသလို အတိုက်အခံ တွေဘက်ကလည်း စစ်အစိုးရရဲ့ ဒီမိုကရေစီဖိနှိပ်မှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်လို့ ပြန်လှန်ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုဆိုတဲ့ စကားလုံးရဲ့အကျိုးဆက်ဟာ သိပ်ကို အင်အားကြီးမားခဲ့ တယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ စီးပွားရေးပိတ် ဆို့ထားတော့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့အတွက် ပြည်ပမှာအလုပ်သွားလုပ်နေတဲ့ မြန်မာ အလုပ်သမား သန်းကျော်ရှိနေတာက ထင်ရှားတဲ့သက်သေ ခံချက်တစ်ခုပါပဲ။

၂ဝ၁ဝပြည့်နှစ် သမ္မတဦးသိန်းစိန်အစိုးရသစ် တက် လာတဲ့အချိန်မှာ တိုင်းပြည်ရဲ့ ကျဆင်းနေတဲ့စီးပွားရေးကို ပြန်အဖတ်ဆည်ဖို့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ စီး ပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ ကမ္ဘာ့ နိုင်ငံအသီးသီးကို တောင်းဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့အသံတွေကိုနားထောင်ပြီး ပြည်တွင်းပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေကို တစ်စတစ်စ လုပ်ကိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေး သမားတွေကို လွှတ်ပေးလိုက်တဲ့အချိန်မှာတော့ မြန်မာ နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှန်တစ်ခုပေါ် ရောက်
နေပြီလို့ ကမ္ဘာ့နိုင်ငံများစွာက ယုံကြည်လာကြပါ တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင် ဆန်းစုကြည် လွှတ်တော်ထဲရောက်သွားတဲ့အချိန်မှာတော့ သူတို့ရဲ့ယုံကြည်မှုဟာ အထွတ်အထိပ်ကို ရောက်လာပါ တယ်။ ဒါကြောင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ သူ တို့ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့မှုအချို့ လုပ်လာပါတယ်။ ၂ဝ၁၃ခုနှစ် သမ္မတအိုဘားမား မြန်မာ နိုင်ငံကို လာရောက်လည်ပတ်ပြီးတဲ့နောက်မှာတော့ အမေ ရိကန်အစိုးရဟာ စစ်လက်နက်ရောင်းဝယ်ရေးနဲ့ အခြား အရေးကြီးတဲ့ ကိစ္စရပ်အချို့ကလွဲပြီး မြန်မာအပေါ်ချမှတ် ထားတဲ့ ပိတ်ဆို့မှုတော်တော်များများကို ရုပ်သိမ်းပေးလိုက် ပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းထားတဲ့ စစ်ခေါင်းဆောင်အချို့နဲ့ လုပ်ငန်းရှင်အချို့ ကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပေးခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် ပထမသက်တမ်းသုံးနှစ်အတွင်းမှာပဲ ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်နဲ့ အမေရိကန်သမ္မတ အိုဘားမားလို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေ မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ပြီး သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါ တယ်။ တစ်ဆက်တည်းမှာပဲ မြန်မာပြည် ပြုပြင်ပြောင်းလဲ ရေးကို ထောက်ခံကြောင်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကူညီသွားမယ့်အကြောင်း အသီးသီးထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိအဲဒီနိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အားလုံးဖြေလျှော့ပေးဖို့ပဲလိုပါ တယ်။ ဒီအချက်ကိုကြည့်ရင် ဒဏ်ခတ်ပိတ်ဆို့မှုဟာ သူတို့ နိုင်ငံရဲ့ အထိရောက်ဆုံးလက်နက်တစ်ခုဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။
ခုတော့ အဲဒီဒဏ်ခတ် ပိတ်ဆို့ရေး လက်နက်ကို ပြန်ပြီးထုတ်သုံးရမယ့် အနေအထားဖြစ်နေပါပြီ။ ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နီပေါခရီးစဉ်မှာ သူမရဲ့ သမ္မတဖြစ်တည်ခွင့်အတွက် ကမ္ဘာ့နိုင်ငံ တွေက ဝိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆိုလိုက်တာ ရယ်၊ ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံးအဖွဲ့လို့ ထုတ်ဖော်ပြောလိုက်တာရယ်၊ လွန်ခဲ့တဲ့နှစ်တွေကလည်း မြန်မာနိုင်ငံကို အကောင်းမြင်မစောဖို့ ကမ္ဘာ့နိုင်ငံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားတွေ အားလုံးကို ခြုံကြည့်လိုက်ရင် ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို သံသယဝင်လာ နိုင်သလို တစ်ဆက်တည်းမှာပဲ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဖို့ သူတို့ရဲ့ မူလလက်နက်တစ်ခုဖြစ်တဲ့ စီး ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ပြီးလုပ်ကိုင်လာ နိုင်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့မေလဆန်းပိုင်းကလည်း မြန်မာ့တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို မြောက်ကိုရီးယားနဲ့ လက် နက်ရောင်းဝယ်မှုလုပ်ကိုင်နေလို့ အမေရိကန်က စောင့် ကြည့်နေတဲ့အကြောင်း Foreign Policy အင်တာနက် စာမျက်နှာက Myanmar’s Unrepentant Arms Czar ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့တာ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီလို မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆက် ဆံမှု ထပ်လုပ်နေမယ်ဆိုရင် အမေရိကန်က ဒဏ်ခတ်ပိတ် ဆို့မှုတွေ ဆက်လုပ်သွားမယ့်အကြောင်း သမ္မတအိုဘား မားက မြန်မာအစိုးရကို အဲဒီတုန်းက သတိပေးထားခဲ့တာ လည်းရှိပါတယ်။

အဲဒီလို အမေရိကန်-မြန်မာဆက်ဆံရေး သိပ်ပြီးမ ချောမွေ့ဖြစ်နေတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာ ပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေလိုလားတဲ့ သမ္မတကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးတဲ့ဥပဒေ မျိုးဖြစ်သင့်ကြောင်း အမေရိကန်အစိုးရက မြန်မာအစိုးရ ကို တောင်းဆိုလိုက်ပါတယ်။ ဒါကို မြန်မာအစိုးရရဲ့ ပြော ရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ဖွဲ့စည်း ပုံပြင်ဖို့ဆိုတာ လွှတ်တော်နဲ့ပြည်သူတွေရဲ့ အလုပ်သာ ဖြစ်ပြီး အမေရိကန်အစိုးရနဲ့မဆိုင်ဘူးလို့ ပြင်းပြင်းထန် ထန် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နီပေါခရီးစဉ်မှာ ပြောဆိုမှုတွေ၊ မြန်မာ-မြောက်ကိုရီး ယားဆက်ဆံရေးကို အမေရိကန်ရဲ့ သတိပေးမှုတွေ၊ ဖွဲ့ စည်းပုံပြင်ဆင်ရေးဟာ အမေရိကန်အစိုးရနဲ့ မဆိုင်ဘူးလို့ တုံ့ပြန်ခဲ့တဲ့ မြန်မာအစိုးရရဲ့ပြောဆိုမှုတွေ စတဲ့ အချက် အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် အမေရိကန်ဟာ မြန်မာပြည်
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းကပုံစံမျိုး ပျော့ပျော့ပျောင်းပျောင်းကိုင်တွယ်ဖို့ထက် သူတို့ရဲ့ ယခင်ကျင့်သုံးနေကျပုံစံအတိုင်း ဒဏ်ခတ်ပိတ်ဆို့ မှုပုံစံနဲ့ ပြန်ပြီး ချဉ်းကပ်လာမလားဆိုတာ တွေးတောဖွယ် ဖြစ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းညီ ရေးသည်။ ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၀) အမှတ် (၂၄)။
Oppositeye myanmar

No comments: