ကမ္ဘာကြီးပူနွေးလာမှုအတွင်း အပူပိုင်းရပ်ဝန်းဒေသရဲ့ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေ၊ ဇီဝဖြစ်စဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်နဲ့ အနာဂတ်မှာ ရင်ဆိုင်ရလာနိုင်တဲ့ အခြေအနေတွေကို သုတေသန ဌာန ၁၂ ခုတို့ ၃ နှစ်တာ လေ့လာခဲံတဲ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ အခြေခံဥပဒေပြင်ဆင်ရေး စစ်တပ်ကပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားလိုက်ပါတယ်။
The State of the Tropics 2014 အစီရင်ခံစာ ထုတ်တဲ့ အခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျွမ်းကျင် ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
အခမ်းအနားက ကမ္ဘာကြီးပူနွေးမှု ၊ လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးတဲ့ ပွဲဖြစ်ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကတော့ ၂၀၁၅ သမ္မတဖြစ်ဖို့အရေး အခြေခံဥပဒေ ပြင်ရမယ့် အကြောင်းကိုပဲ ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ ဟန်မဆောင်နိုင်သော အပြုအမူအပြောအဆိုများကြောင့် လူမှုကွန်ယက်များပေါ်တွင် သမ္မတရူးဟု ခေါ်ဆိုမှုများ ရှိနေပါတယ်။
.jpg)
No comments:
Post a Comment