ရန်ကုန်၊ဇွန် ၂၈။
မကြာခင်အချိန်ကမှ ရခိုင်ပြည်နယ်ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ခန့်အပ်ခြင်းကိုခံခဲ့ရသော ဗိုလ်ချုပ်ကြီးဦးမောင်မောင်အုန်းအား ၎င်း၏ လုပ်ကိုင် ဆာင်ရွက်ပုံများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဇွန် ၂၈ရက်က တော်ဝင်နှင်းဆီခန်းမတွင် ရခိုင်အမျိုးသားပါတီ ဒု ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
“မြန်မာပြည်အနှံ့အပြားမှာရောက်ရှိနေတဲ့ ရခိုင်သူ ရခိုင်သားတွေအားလုံးအား ဘဝကိုခက်ခက်ခဲခဲနဲ့ ဖြတ်သန်း နေရတယ်။
“မြန်မာပြည်အနှံ့အပြားမှာရောက်ရှိနေတဲ့ ရခိုင်သူ ရခိုင်သားတွေအားလုံးအား ဘဝကိုခက်ခက်ခဲခဲနဲ့ ဖြတ်သန်း နေရတယ်။
ရခိုင်ပြည်မှာဆိုရင် ပိုတောင်ဆိုးသေးတယ်။ဘင်္ဂလီတွေရဲ့ ရန်ကိုလည်း ကြောက်ရ၊ စီးပွားရေး ကလည်း အဆင်မပြေသလို
ပြဿနာပေါင်းစုံလည်းဖြစ်နေတယ်။ဒီကြားထဲ ရခိုင်ပြည်နယ်ဝန်ကြီး ကိုလည်းအပြောင်းအလဲလုပ်လိုက်တယ်။ဒါကတော့
ရခိုင်းလူမျိုးကိုပဲ ရခိုင်ပြည်သူတွေအနေနဲ့ ခန့်အပ်ပေးဖို့ တောင်းဆိုကြတယ်။ ဒီအထဲမှာတော့ ကျွန်တော်တို့ရခိုင်အမျိုးသား
ပါတီအနေနဲ့ ထောက်ခံပါလားလို့ မေးလာ ရင်တော့ကျွန်တော်ဒီလိုပဲပြောပါမယ်။ ကျွန်တော်တို့ ထောက်လည်း မထောက်ခံဘူး
ကန့်လည်းမကန့်ကွက်ဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး ဦးမောင်မောင်အုန်းအနေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးအဖြစ်ဆောင်ရွက်လာမယ့်
အချိန်မှာ ရခိုင်ပြည်အတွက် ဘာတွေလုပ်ပေးသွားမှာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့ စောင့်ကြည့်
သွားမယ်”ဟု ရခိုင်အမျိုးသားပါတီဒုခေါင်းဆောင် ဒေါက်တာအေးမောင်ကပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းအား မကြာသေးခင်က တာဝန်
ပေးအပ်ခဲ့ပြီး ၎င်းတာဝန်ပေးအပ်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူများသည် သဘောတူလက်ခံခြင်းမရှိသောကြောင့်
စစ်တွေမြို့နယ်လုံးအတိုင်းအတာဖြင့် သံပုံးများတီးကာ ဆန္ဒပြ ကန့်ကွက်ခဲ့သလို လက်ကမ်းစာဆောင်များလည်း ဖြန့်ဝေခဲ့သည်။

ရခိုင်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရခိုင်လူမျိုးကိုသာ ခန့်အပ်ပေးရန် တောင်းဆိုထားသောကြောင့်
ရခိုင်အမျိုးသားပါတီအနေနဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းအပေါ်တွင် ထောက်ခံခြင်း
မရှိသလို ကန့်ကွက်ခြင်းလည်း ပြုလုပ်သွားမည် မဟုတ်ပဲ ၎င်း၏ရခိုင်ပြည်နယ်အတွင်း၌ လုပ်ဆောင်သွားမည် လုပ်ငန်းစဉ်များကိုသာ
စောင့်ကြည့်လေ့လာ သွားမည် ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းသည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ သက်သေ အထောက်အထား ခိုင်လုံစွာ
ကန့်ကွက်နိုင်ခြင်း မရှိပါက ဇွန်လ ၃၀ရက်နေ့တွင်ပြုလုပ်မည် ဖြစ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင်
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကန့်ကွက်နိုင်ခြင်း မရှိပါက ဇွန်လ ၃၀ရက်နေ့တွင်ပြုလုပ်မည် ဖြစ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင်
ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ချစ်မင်းထွန်း
Myanmar age
Posted via Blogaway

No comments:
Post a Comment