ရက်စွဲ ၊ ၁၃၇၆-ခုနှစ်၊ ဝါဆိုလဆန်း(၆)ရက်၊ (၂. ၇. ၂၀၁၄)
၁။ (၁. ၇. ၂၀၁၄) နေ့၊ ည(၈)နာရီခန့်အချိန်တွင် (၂၇-လမ်း၊ ၈၂-လမ်း)၌ ဖြစ်ပွားသော အဓိကရုဏ်းသည် မွတ်စလင် အချင်းချင်းစတင်ဖြစ်ပွားရာမှ ပျံ့နှံ့ကြီးထွားလာသော အဓိကရုဏ်းဖြစ်သည်။
၂။ “အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ပဋိပက္ခ အဓိကရုဏ်းများဖြစ်အောင် ပြုလုပ်ဖန်တီးနေ သည်”ဟု သတင်းမီဒီယာများနှင့် အချို့ လူမှုရေးသတင်းဝက်ဆိုဒ်ဖေ့စဘုတ်စာမျက်နှာများ
၌ ရေးသားထုတ်လွှင့် နေသော အချက်အလက်များသည် ကောလဟာလကို အခြေခံ၍ မဟုတ်မမှန်လုပ်ကြံ ရေးသားထုတ်လွှင့် နေခြင်းသာဖြစ်သည်။
၃။ မန္တလေးတိုင်းဒေသကြီး(မ. ဘ. သ)အဖွဲ့ကြီးသည် “အမျိုးဘာသာ သာသနာတော်ကို မြတ်ဗုဒ္ဓအလိုကျ ဓမ္မဝိနယနှင့်အညီ ငြိမ်းချမ်းရေးနည်းလမ်းဖြင့် ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်သွားမည်” ဟူသော မ. ဘ. သ (ဗဟို)၏ လမ်းစဉ်အတိုင်းသာ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
၎။ နိုင်ငံတော်အစိုးရအနေဖြင့် ပျဉ်းမနားမြို့၊ မြို့မရဲစခန်း၌ (ပ)၂၉၃/၂၀၁၄၊ ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့် တိုင်ကြားထားသော ဗုဒ္ဓဘာသာဝင်မြန်မာမိန်းကလေး မစိုးစိုး အဓမ္မပြုကျင့်ခံရမှုကို ပွင့်လင်းမြင်သာမှု ရှိအောင် သတင်းထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်။
၅။ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးမစိုးစိုးအား အဓမ္မပြုကျင့်ခဲ့သော နေကဖေး,ဆန်းကဖေး
ပိုင်ရှင် နေဝင်း(ခ)ပူလူး၊ ဆန်းမောင်(ခ)အွတ်စမန်း တရားခံများကို အမြန်ဆုံးဖော်ထုတ်၍ ထိရောက်စွာအရေးယူပေးရန် တောင်းဆိုလိုက်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
အထက်မြန်မာပြည် (မန္တလေးတိုင်းဒေသကြီး)
ဘဒ္ဒန္တဣန္ဒာစက္ကာဘိဝံသ၊ ဦးဆောင်ဆရာတော်
ဘဒ္ဒန္တကုသလ၊ အတွင်းရေးမှူးချုပ်ဆရာတော်
ဘဒ္ဒန္တယသ၊ တွဲဖက်အတွင်းရေးမှူး —

No comments:
Post a Comment