Monday, June 30, 2014

ဘင်္ဂလားဒေ့ရှ်တွင် ၎င်းအတွက် နေ့လည်စာ ထမင်းချိုင့်လာပို့သော ၈ နှစ် အရွယ် မိန်းကလေးကို ဗလီဆရာမှ မုဒိမ်းကျင့်



ဇွန် ၂၈၊ ၂၀၁၄

အဗ္ဗဒုလ် လာတစ်ဖ် (အသက် ၆၀ နှစ်) မှ ယင်းအမှု ကျူးလွန်ကြောင်း ပေါ်ပေါက်ပြီးသည့်နောက် ဇွန် ၂၇၊ သောကြာနေ့ ညနေပိုင်းက ဒေသခံများက ၎င်းကို ဖမ်းချုပ်ပြီး ရဲလက်သို့ လွှဲအပ်လိုက်သည်။

လာတစ်ဖ်သည် ဂါဗူရာပါရွာ ဗလီမှ ဗလီဆရာ ဖြစ်သည်။

မိန်းကလေးမှာ ရှီအော်ဒါဟ် အစိုးရမူလတန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသူလေး ဖြစ်သည်။

ရဲမှ ၎င်းဖြစ်ရပ်ကို မုဒိမ်းမှုဖြင့် တရားစွဲဆိုထားသည်။ 

ဇွန် ၂၇၊ သောကြာနေ့က မိန်းကလေးက ဗလီဆရာထံသို့ နေ့လည်စာ ထမင်းချိုင့်သွားပို့ရာ ဗလီဆရာမှ မိန်းကလေးအား အိမ်သို့မပြန်ရလေအောင် လှည့်ကွက်ဆင် လိမ်ညာခဲ့ပြီးနောက် မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်။

မိန်းကလေး အိမ်ပြန်ရောက်သောအခါ မိသားစုအား သူမ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြောပြခဲ့တွင်။ ထို့နောက်တွင် ဒေသခံများက ဗလီဆရာကို ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်လိုက်ခြင်း ဖြစ်သည်။

မိန်းကလေးကို ဂျတ်ဆိုရီ ဆေးကောလိပ်ဆေးရုံး၌ သောကြာနေ့ ညနေကတည်းက တင်ထားရသည်။

http://bdnews24.com/bangladesh/2014/06/28/imam-arrested-in-jessore-for-raping-minor-girl

No comments: