Friday, July 4, 2014

တရားဆေးထက် ကုလားဂွေးကိုမက်တဲ့သူတွေရဲ့ "The Open Sky"

ဆောင်းပါးရှင် မွန်မွန်မြတ်

Jul 4, 2014
မွန်မွန်မြတ်ရေးတဲ့ The Open Sky လူ့အခွင့်အရေးရုပ်ရှင် ဘာကြောင့်မပြသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို The Irrawaddy မြန်မာ Version မှာ ဖတ်လိုက်ရတယ်။


ဒီရုပ်ရှင်ပြမှာ ကန့်ကွက်တဲ့သူတွေဟာ အမျိုး၊ ဘာသာ၊ သာသနာ ဆိုင်းဘုတ်တပ်ပြီး အမှောင်ထဲက လက်သီးပုန်းထိုးနေတဲ့သူတွေလို့ စွပ်စွဲထားပါတယ်။ အဓိကကတော့ ရှင်မင်းယာကို စွပ်စွဲတာပါ။



နောက် ဒီရုပ်ရှင်ရိုက်ရာမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ သင်တန်းသား ၁၂ ယောက်ထဲက တစ်ယောက်က သစ္စာဖေါက်လို့ အခုလိုဖြစ်ရတာပါလို့လည်းပြောထားပါသေးတယ်။



ရုပ်ရှင်ကားက မိတ္ထီလာအရေးအခင်းမှာ မွတ်ဆလင်မိသားစုကို မြန်မာမိသားစုက
မေတ္တာနဲ့ ကယ်တင်ခဲ့တဲ့ မြန်မာမိသားစုနဲ့ မွတ်ဆလင်မိသားစုရဲ့ မေတ္တာတရား အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာလို့ဆိုပါတယ်။



ဖတ်ရတာ၊နားထောင်ရတာတော့ ကောင်းပါတယ်။ မေတ္တာတရားဆိုတဲ့
ခေါင်းစဉ်တင်ထားတာကိုး။ ဒါပေမဲ့မိတ္ထီလာအရေးအခင်းဆိုတာ ကို ရွှေဆိုင် ပဋိပက္ခတစ်ခုတည်း ဖေါ်ပြရင် မြန်မာတွေ အလွန်ဆိုတဲ့ အဓိပ္ပာယ်က အလိုလို သက်ရောက်သွားပြီးသားပါ။



မြန်မာတွေဟာ ရွှေဆိုင်ဖျက်တဲ့အချိန်မှာ တချို့ ဆို လက်ထဲမှာ တုတ် တောင်မ ပါသေးဘူးလို့ဆိုပါတယ်။ အဲဒီအရေးအခင်းကြီး မီးတောက်လို ပြင်းထန် ပျံ့နှံ့သွားတာ ရွှေဆိုင်ကြောင့်မဟုတ်ပါဘူး။ အရေးအခင်းနဲ့ ဘာမှ မပတ်သက်တဲ့ နယ်ဘက် ရွာလေးတစ်ရွာက ဈေးဝယ်ဖို့တက်လာတဲ့ ဆရာတော် ဦးသောဘိတကို ဟာဂျီမျိုးဝင်းဆိုတဲ့ကောင်က ဓာတ်ဆီလောင်း မီးရှို့သတ်လိုက်တဲ့သတင်း မြို့ထဲကို ရောက်လာပြီးမှ ပဋိပက္ခထိန်းမရအောင်ကြီးထွားသွားတာပါ။



ဗုဒ္ဓဘာသာအများစုနေတဲ့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးကို အခုလိုလုပ်လိုက်ရင် မြန်မာတွေဒေါသ ငယ်ထိပ်တက်ဆောင့်သွားမယ်ဆိုတာ သိပြီးသားပါ။ ဒါဆို သိသိကြီးနဲ့ ဒီအလုပ်မျိုးကို ဘာလို့လုပ်ရသလဲ။ အဖြေက ရှင်းပါတယ်။ မြန်မာတွေဒေါသထွက်ပြီး မွတ်ဆလင်တွေကို အန္တရယ်မပြု ပြုလာအောင် ဖန်တီးတာပါပဲ။ အစွန်းရောက်အကြမ်းဖက်သမားတွေဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် အသေခံဗုံးခွဲမှတော့ ကျန်တဲ့သူတွေအတွက် ဘယ်စဉ်းစားလိမ့်မလဲ။



IT ခေတ်ရဲ့ communication သွက်လက်မြန်ဆန်လာမှုနဲ့အတူ မြန်မာပြည်က မွတ်ဆလင်အစွန်းရောက်တချို့ ဟာ ပြည်ပက အစွန်းရောက်မွတ်ဆလင်အကြမ်းဖက် သမားတွေနဲ့ အဆက်အသွယ်ရှိနေနိုင်ပါတယ်။



မြန်မာတွေဒေါသထွက်အောင်ဖန်တီးမယ်။ အဓိကရုဏ်းတွေဖြစ်အောင် လှုံ့ဆော်မယ်။ ပြီးရင် အစိုးရကို လွှဲချပြီး ပြည်သူကို အာရုံလွှဲမယ်။ ကုလား-ဗမာ အဓိကရုဏ်းတွေ များများဖြစ်လာရင် မြန်မာပြည်မှာ သူတို့အတွက် လူ့အခွင့်အရေးချိုးဖေါက်ခံနေရတယ် ဆိုပြီး အော်မယ်၊ နိုင်ငံတကာ
ဝင်ရောက်ပတ်သက်မှုတွေပိုများလာအောင်ကြိုးပမ်းမယ်။ ရခိုင်မှာ ရှိတဲ့ အစွန်းရောက် ဘင်္ဂလီတွေနဲ့ ချိတ်ဆက်ပြီး အချိန်ကိုက်လှုပ်ရှားမယ်။ ရိုဟင်ဂျာနာမည် တရားဝင်ရအောင်ကြိုးစားမယ်။ ရခိုင်ကနေ ခွဲထွက်မယ်။ ပြီးရင် တိုင်းပြည်ရအောင်ကြိုးပမ်းမယ်။ ဒါပါပဲ...။ ဒီအတွက်ရင်းနေကြတာပါ။ ဒီအထဲမှာ ရိုးရိုးသားသား ဘုမသိဘမသိ မွတ်ဆလင်တွေလည်း အများအပြားရှိမှာပါ။



ဒါတွေကို ဒီဇာတ်ကားရိုက်ကူးဖို့ စီစဉ်ကြတဲ့ မင်းထင်ကိုကိုကြီးတို့ မွန်မွန်မြတ်တို့ သိပါတယ်။ ဘာပဲ သိသိ လုပ်စားရတာ ခံတွင်းတွေ့နေပါပြီ။ အောင်ဒင်လို ရခိုင်ကတောင် ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ နိုင်ငံခြားကနေ အော်နေသေးတာပဲ။



ဘာပဲဖြစ်ဖြစ် မွန်မွန်မြတ်က သစ္စာဖေါက်လို့ စွပ်စွဲတဲ့ သင်တန်းသား ၁၂ ယောက်ထဲက အမျိုးသားရေးအသိ/ သတိရှိတဲ့ ညီလေးကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။



တစ်ခုပဲပြောချင်ပါတယ်။ မြန်မာမှန်ရင် သတိထားပြီးသာနေပါတော့။ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းပြည်ကို နည်းအမျိုးမျိုးဖဲ့ယူဖို့ကြိုးစားနေပါပြီ..။ အောင်ဒင်တို့၊ မင်းထင်ကိုကိုကြီးတို့၊ မွန်မြတ်တို့၊ အောင်ရင်ငြိမ်းတို့လို လူမျိုးတွေကတော့ တိုင်းပြည် မျက်နှာရော အမျိုး၊ ဘာသာ၊ သာသနာ မျက်နှာရော ဘာမျက်နှာမှ ထောက်မှာ မဟုတ်ပါ။



ဘာသာနဲ့ ယဉ်ကျေးမှုပျောက်ရင် တိုင်းပြည်ပါပျောက်သွားမှာပါ။ နှစ်ပဲတစ်ပြားနဲ့ အလကားရထားတဲ့တိုင်းပြည်မဟုတ်ဘူးဆိုတာ အမျိုးချစ်တဲ့ မြန်မာတိုင်းသိပါတယ်။ သတိသမ္ပဇဉ် အသိဉာဏ်ယှဉ်ပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာတိုင်းမှာ တာဝန်ရှိပါကြောင်း....။ ။

ရဲကျော်သူရ

No comments: