ဘင်္ဂါလီများနှင့် သင့်မြတ်အောင် နေထိုင်နိုင်မှ ရခိုင်အရေးကို ကူညီထောက်ပံ့မည် ဆိုပါက ရခိုင် တစ်မျိုးသားလုံး အနေဖြင့် ယင်းအထောက်အပံ့ကို လက်ခံ ရယူသွားမည် မဟုတ်ကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှ သိရသည်။
“တစ်ဖက်ကနေ ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေနဲ့ ရခိုင်ပြည်သူတွေ ကြားမှာ တူယှဉ်တွဲစွာ နေထိုင်နိုင်မှ အထောက်အပံ့တွေ၊ အကူအညီတွေ ပေးမယ်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်မှုကို လုပ်ဆောင်ပေးမယ် ဆိုရင် အကြမ်းဖက်သမားတွေကိုပဲ ကူညီတာမျိုး၊ ထောက်ပံ့တာမျိုး ဖြစ်နေတဲ့ အတွက် အစ်ကိုတို့ရဲ့ အမျိုးသား လုံခြုံရေးကို ထိခိုက်လာနိုင်တဲ့ အတွက်ကြောင့် ဒီဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးမယ့် သူတွေကို ပြန်ပြီး မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ အစ်ကိုတို့က အကုန်လုံးကို ငြင်းပယ်နေတာ မဟုတ်ပါဘူး။ နိုင်ငံသား ဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့ အတွက် အဆင်သင့်ပါ။ သူတို့ဘာသာကိုလည်း အစ်ကိုတို့ အနေနဲ့ ငြင်းပယ်စရာ မလိုဘူး။ ကမန် လူမျိုးတွေကလည်း အစ်ကိုတို့နဲ့ ယှဉ်တွဲ နေထိုင်ခဲ့ကြတာပဲ။ သူတို့လည်း အစ္စလာမ် ဘာသာကို ကိုးကွယ်ကြတာပဲ။ ဒါ့ကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်နေတာတွေက လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဘူး။ တစ်ဖက်က ခိုးဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေနဲ့ တိုင်းရင်းသားတွေ ကြားမှာ ဖြစ်ပျက်နေတဲ့ ကိစ္စသာ ဖြစ်တယ်။ နိုင်ငံသား ဖြစ်မှုမဖြစ်မှုကို အမြန်ဆုံး စစ်ဆေးသွား လိုပါတယ်”ဟု ရခိုင်အမျိုးသား ကွန်ရက်မှ ဥက္ကဋ္ဌမှ ဦးတင့်ထွန်းအောင်က Tomorrow ဂျာနယ်သို့ ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီးသည် စစ်တွေမြို့မိမြို့ဖများနှင့် သွားရောက် တွေ့ဆုံစဉ်က ရခိုင် ဒေသခံများကို ဘင်္ဂါလီများနှင့် ပြဿနာမဖြစ်ဘဲ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြမယ် ဆိုပါက ပြင်သစ်အနေနဲ့ ရခိုင်လူမျိုးတို့ရဲ့ ဖွံ့ဖြိုးရေးကို ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် ပြန်လည် တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သတ်၍ ရခိုင် ပြည်နယ် စစ်တွေ မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ ဦးသန်းထွန်းသန်းမှလည်း “ပြင်သစ် သံအမတ်ကြီးရဲ့ ရခိုင်ပြည်နယ်ကို လာရောက်တဲ့ အဓိက ရည်ရွယ်ချက်က ဘင်္ဂါလီတွေနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ဒေသ ဖွံ့ဖြိုးရေး အကုန်လုံးကို လုပ်ဆောင် ပေးသွားမယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ လုံးဝလက်မခံပါဘူး။ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ ဘင်္ဂါလီတွေနဲ့ သဟဇာတဖြစ်အောင် နေဖို့ဆိုရင် သူတို့ဆီမှာ တာဝန်ရှိပါတယ်။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီးတော့မှ ရခိုင်ပြည်နယ် အရေးကို ကူညီမယ် ဆိုတာကို ကျွန်တော်တို့ ရခိုင် တစ်မျိုးသားလုံး အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။
Credit Tomorrow

No comments:
Post a Comment