Tuesday, July 1, 2014

မလွန်သေးဘူး ဆရာကြီးများ


လက်မှတ်တွေ ၃ သန်း ကောက်ခံပြီးပါပြီ။

ကဲ ဘာဆက်လုပ်မှာတုံး။ ပါလီမန်ကို တင်ပြသွားမယ်လို. ဆိုကြပြန်ပါတယ်။

လက်ရှိပါလီမန်ကိုပဲ တင်ပြမယ်ဆိုရင်တော့ အော်---- အချိန်ကုန် လူပင်ပမ်းခံပြီး လက်မှတ်တွေ ကောက်ရသေးတယ်။


လက်ရှိပါလီမန်က ဘာများ ထူးထူးခြားခြား လုပ်ပေးသွားမယ်လို.များထင်ထားရင်တော့---

ရယ်စရာမကောင်းတော့တဲ့ လူပျက် ဇာဂနာ၏ ဟာသတွေထက် ပိုပြီး စိတ်ပျက်စရာကောင်း ရယ်စရာမကောင်းတဲ့ ဟာသတွေလို ဖြစ်နေပြီလား။ ။

နောက်ပြီး မြန်မာပြည်၏ အချုပ်အခြာအာဏာသည် မြန်မာပြည်သူတွေသာဖြစ်ပြီး ဘယ်တိုင်းပြည် ဘယ်နိုင်ငံက တရားဝင်ပါတီတွေ နိင်ငံရေးပါတီတွေဟာ ကုလသမဂ္ဂကို တင်ပြတာမျိုး တိုင်ကြားတာမျိုးထက် ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာပဲ ရလာဒ်တွေ အဖြေတွေရအောင်ပဲ လုပ်တာရှိပါသည်။

အခုတော့ ကိုယ့်ချင်းချင်း ပြသာနာကို ဖြေရှင်းဖို. အားမထုတ်ပဲ ထစ်ခနဲဆိုရင် ကုလသမဂ္ဂကို တိုင်ရတာနဲ. တင်ပြရတာနဲ. အမေရိကန်ကို တိုင်ရတာနဲ. ဥရောပအဖွဲ.ကို ပြောရတာနဲ. ဆိုပြီး---- ခက်ပါဘိနော်။

အမေရိကန်နိုင်ငံက ပါတီတွေ ဗြိတိန်က ပါတီတွေ ဥရောပနိုင်ငံက ပါတီတွေဟာ သူတို. နိုင်ငံက ပြသာနာတွေကို ကုလသမဂ္ဂကို တိုင်တာတို. တောတာတို. မကြားရပဲ ပြသာနာတွေကို အချင်းချင်း ဖြေရှင်းတာပဲ လုပ်တာကို သတိထားမိတယ်။

၁၉၈၈ လူထုလှုပ်ရှာမှုမှာ တခါ၊ ၁၉၉၀ ရွေးကောက်ပွဲမှာ တခါ၊ ၂၀၀၇ ရွှေဝါရောင်မှာ တခါ လူထုက မြန်မာပြည်သူတွေ ဒီမိုကရေစီလိုချင်တာ ဒီထက် ရှင်းအောင် ပြောစရာ ပြစရာ လိုပါသေးလား။

အခုအထိ လူထုက ဒီမိုကရေစီလိုချင်တာ ရချင်တာကို သိဖို. ပြဖို. လိုသေးလို.လား။ ဒီထက်ပိုပြီး သိသာထင်ရှားအောင် ပြသဖို. လူထုဆန္ဒဖော်ထုတ်ဖို. လိုသေးလား။

လူထုက ဆန္ဒအကြိမ်ကြိမ်ပြသခဲ့ပြီး ဒီမိုကရေစီရရှိအောင် မယူနိုင် မလုပ်နိုင်တာက လူထု တာဝန်မဟုတ်ပဲ နိုင်ငံရေးပါတီတွေ နိုင်ငံရေး ခေါင်းဆောင်တွေကသာ ရလာဒ် ပေါ်အောင် မယူနိုင်တာပဲ ရှိပါသည်။

လူထုဆန္ဒကတော့ ရှင်းပါသည်။ နောက်ထပ် လူထု ဆန္ဒထုတ်ပြစရာ လိုမယ်မထင်ပါ။ ရအောင် မယူတတ်နိုင်တာ ခေါင်းဆောင်တွေ အားနည်းလို. ညီညွတ်မှုမရှိလို. မဟာဗျူဟာမရှိလို. ရှင်းရှင်းပြောရရင် ကိုယ်ညံ့လို. ရအောင်မယူနိုင်တဲ့ကိစ္စကို တခုခုဖြစ်တိုင်း တခါလာတိုင်း လူထုဆန္ဒဖော်ထုတ်တာပါတဲ့။

မဲပြာပုဆိုးပဲ ၀တ်နေတုံးပဲ--- မဟုတ်ပါလား။ တခုခုဖြစ်ရင် လူထုနှင့် ထိပ်တိုက်ဖြစ်အောင် တွန်းပို.ပြီး အကင်းပါးပါးနဲ. ရလာဒ်ထွက်အောင် ကိုယ်တိုင်မယူတတ်တာ မယူနိုင်တာကိုတော့ ၀န်ခံဖို. စိတ်မကူးကြပဲ--- ပြည်သူကိုပဲ တွန်းခိုင်း တွန်းခိုင်းနေတော့---- မလွန်သေးဘူးလား---- ဆရာကြီးများရာ---

လူထုက နောက်ထပ် ဘယ်လောက်အထိ ဆန္ဒတွေ ထုတ်ရ ပြရ ဖော်ရဦးမှာလည်းဗျာ--


Udp Myanmar
posted from Bloggeroid

No comments: