ဘဂ္ဂဒက် ဇွန် ၂၉
ဆွန်နီသူပုန်များအား ထိုးစစ်ဆင် တိုက်ခိုက်ရန် တိုက်လေယာဉ်များ ရုရှားမှ မှာယူထားခဲ့ရာ ပထမဆုံး ဂျက်တိုက်လေယာဉ်များ လက်ခံရရှိထားပြီဖြစ်ကြောင်း အီရတ်လုံခြုံရေး တာဝန်ရှိသူများက ပြောသည်။
ဆူခွိုင်း (Sukhoi) အမျိုးအစား တစ်ပတ်ရစ် တိုက်လေယာဉ်ငါးစင်းကို မကြာမီရက်များအတွင်း စတင်အသုံး ပြုသွားမည်ဖြစ်ကြောင်း အီရတ်လုံခြုံရေး တာဝန်ရှိသူများက ပြောသည်။
တိုက်ခိုက်ရေးသမားများက လွန်ခဲ့သော သုံးပတ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် ခဲ့ပြီး နိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်ထားသည်။ သို့ရာတွင် တီကရစ်မြို့ကို အစိုးရတပ်များက ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစိုးရစစ်ဘက်တာဝန် ရှိသူများက စနေနေ့တွင်ပြောသည်။ စစ်သွေးကြွ၆ဝ ခန့်မှာ အစိုးရတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း ရုပ်မြင်သံကြားမှ သတင်းထုတ်လွှင့်ခဲ့သည်။ ယင်းတို့ သည် သူပုန်ထိန်းချုပ်သော မိုဆူးလ် မြို့သို့ချီတက်ရန် ပြင်ဆင်နေချိန် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တီကရစ် မြို့သည် ဇွန် ၁၁ ရက်က သူပုန် လက်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။
ယင်းမြို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သူပုန်အဖွဲ့က အတည်ပြုပြောကြားခဲ့သည်။ အီရတ် လုံခြုံရေးတပ်များသည် အဆိုပါ တိုက်လေယာဉ်ငါးစင်းကို စနေနေ့က လက်ခံရရှိခဲ့ခြင်းဖြစ်သည်။
(ဘီဘီစီ)
Posted via Blogaway

No comments:
Post a Comment