စင်ကာပူရှော့ပင်းစင်တာတစ်ခုတွင်တွေ့ရသည့် မြန်မာအိမ်အကူများ(ဓာတ်ပုံ− aljazeera.com)
Jul 3, 2014
စင်ကာပူသို့ မြန်မာအိမ် အကူအမျိုးသမီး တရားဝင်စေ လွှတ်သည့် အေဂျင်စီများမမှန် မကန်ပို့ဆောင်ပါက ပြင်းပြင်း ထန်ထန်အရေးယူမည်ဟု အ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။မကြာသေးမီရက်ပိုင်းက အယ်လ်ဂျာဇီးရားသတင်းဌာနမှ ဖော်ပြခဲ့သော စင်ကာပူရှိဈေးဝယ် စင်တာများတွင် မြန်မာလုပ်သား များအပါအဝင် နိုင်ငံခြားသား လုပ်သားများကို ရောင်းကုန် ပစ္စည်းအဖြစ် သရုပ်ဖော်ပြသ ရောင်းချနေမှုသတင်းကြောင့် မြန်မာအစိုးရအနေဖြင့် လုပ်သား တရားဝင်စေလွှတ်ခွင့်ရှိသော အေဂျင်စီများမမှန်မကန်ပြုလုပ် ပါက ပြင်းထန်စွာအရေးယူမည် ဟု ဆိုသည်။
‘‘တရားဝင်စေလွှတ်လိုက် တဲ့ သူတွေက ဟိုမှာဆက်သွယ် မယ့်သူရှိပြီးသား။ သူ့အတွက် ဟိုမှာအလုပ်က တန်းရှိတယ် လေ။ အကယ်၍ဟိုဘက်အေဂျင် စီနဲ့ ဒီဘက်အေဂျင်စီအခုလိုမျိုး မမှန်မကန်လုပ်ရင်တော့ ပြင်းပြင်း ထန်ထန်အရေးယူသွားဖို့ရှိတယ်။ သူတို့ကို ကတိကဝတ်နဲ့လုပ်ထား ပြီးသား။ မဟုတ်တာလုပ်ရင် အရေးယူဖော်ထုတ်ဖို့ပဲရှိတယ်’’ ဟု ဦးမျိုးအောင်က ပြောသည်။
စင်ကာပူနိုင်ငံရှိ ဈေးဝယ် စင်တာများတွင် ရောင်းကုန်ပစ္စည်း အဖြစ် အိမ်အကူလုပ်သားရောင်း ချခံနေရသူများမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာအလုပ် သမားများဖြစ်ကြပြီး ၎င်းတို့ အနက် မြန်မာအိမ်အကူလုပ်သား ၄၀ ရာခိုင်နှုန်းပါဝင်ကြောင်း သိ ရသည်။ ၎င်းတို့တွင် ရန်ကုန်မှ အေဂျင်စီတို့ဖြင့် ချိတ်ဆက်ပြီး လာရောက်လုပ်ကိုင်သူများလည်း ပါဝင်သည်ဟုဆိုသည်။
‘‘ပြီးခဲ့တဲ့ နှစ်အနည်းငယ် လောက်ကတည်းက အခုလိုပရို မိုးရှင်းတွေနဲ့ ကြော်ငြာလုပ်နေ တာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ခန့်မှန်းတွက်ချက်စာရင်းအရ ပြီး ခဲ့တဲ့နှစ်အထိဆို အဲဒီအိမ်အကူ လုပ်သားတွေမှာ မြန်မာအိမ်အကူ လုပ်သားက ၃၀ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ အခုဆို ၄၀ ရာခိုင်နှုန်းလောက်ထိရှိလာလိမ့် မယ်။ အများစုက ရန်ကုန်က အေးဂျင့်နဲ့ စင်ကာပူကအေးဂျင့် ချိတ်ပြီး ရောက်လာကြတာပါ။ ကိုယ့်အစီအစဉ်နဲ့လာတဲ့သူတွေ က တန်းဝင်လုပ်ကြတာများပါ တယ်’’ဟု စင်ကာပူအခြေစိုက် အိမ်အကူလုပ်သားများအရေး ဆောင်ရွက်နေသည့် (HOME) အဖွဲ့မှ ဒါရိုက်တာဒေါက်တာသိန်း သန်းဝင်းက ပြောသည်။
လက်ရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိ သည့် မြန်မာအိမ်အကူလုပ်သား များသည် တစ်လလျှင် လုပ်ခ လစာဒေါ်လာ ၄၀၀ မှ ၄၅၀ အထိ ရရှိကြပြီး နားရက်မရှိကြောင်း သိရသည်။ ထို့အပြင် အေးဂျင့် များက ဝန်ဆောင်ခအဖြစ် လစာ ငွေ ခြောက်လ၊ ရှစ်လစာဖြတ် တောက်လျက်ရှိကြောင်း သိရ သည်။
စင်ကာပူနိုင်ငံသို့ မြန်မာအိမ်အကူလုပ်သား တရားဝင်စေလွှတ် ခွင့်ကို မြန်မာအစိုးရက ၂၀၁၃ ခုနှစ်မှစ၍ လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ စင်ကာပူနိုင်ငံသို့ သွား ရောက်လုပ်ကိုင်သည့် မြန်မာ အိမ်အကူလုပ်သားများအနက် အများစုမှာ တရားမဝင်နည်းလမ်း ဖြင့် သွားရောက်လုပ်ကိုင်ခြင်း ပိုများကြောင်း သိရသည်။ စင်ကာ ပူနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ မြန်မာအိမ်အကူလုပ်သားနှစ် သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာ အလုပ်သမားသုံးသောင်း ခန့် မြင့်တက်လာခဲ့သည်။
No comments:
Post a Comment