Wednesday, July 2, 2014

မလုံသောအိုးများ ပွင့်ထွက်ခြင်း

 Jul 2, 2014
မကြာသေးတဲ့ ကာလတစ်ခု က ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့ “The Open Sky ” အမည်ရ
ဇာတ်ကားတစ်ကားကို လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် အမျိုးသားရေးအဖွဲ့တွေရဲ့ ကန့်ကွက်ခြင်းကို ခံလိုက်ရလို့ ပြသဖို့ရွေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းကိုအားလုံးဖတ်မိကြမှာပါ
။ဂျာနယ်တွေထဲမှာရေးတာတော့ ခြိမ်းခြောက်မှုတွေ များလာတာကြောင့် ပြသဖို့ရွေ့ဆိုင်း
လိုက်ရတယ်ပေါ့။ဒီမှာတစ်ခုပြောချင်တာ က ဘာကြောင့် အမျိုးသားရေးအဖွဲ့တွေက ကန့်ကွက်သလဲ ? ။ ပုစ္ဆာတိုင်းမှာ အဖြေရှိသလို ပြဿနာတိုင်းမှာ လည်း ဇစ်မြစ်ဆိုတာရှိပါတယ်။ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရဲ့ The Open Sky အမည်ရဇာတ်ကားဟာ လူ့အခွင့်အရေးရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ရိုက်ကူးထားတဲ့ ကားတစ်ကားဖြစ်ပြီး၊ ဘာသာရေး ပဋိပက္ခအသွင်ဆောင်တဲ့မိတ္ထီလာအရေးအခင်းကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်တယ်လို့ ကြားသိရပါတယ်။ ဒီဇာတ်ကားရိုက်ကူးရေးမှာ ဘယ်လိုအပေးအယူအရှုပ်အရှင်းတွေ ရှိတယ်ဆိုတာ ကျွန်တော် မသိပေမယ့် OIC ရဲ့ ထောက်ပံ့ငွေတွေနဲ့ဒီဇာတ်ကားကို ရိုက်ကူးခဲ့တယ်လို့လည်း ပြောဆိုသံတွေကြားရပါတယ်။ 


        ဒီတော့ ခြိမ်းခြောက်မှုတွေ ရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ The Open Sky ကို မပြဖြစ်တော့ဘူးလို့
မင်းထင်ကိုကိုကြီးက ပြောပေမယ့် တကယ်လို့သာ ဒီရုပ်ရှင်ဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ မှန်တယ်ဆိုရင် ပြည်သူကို ချပြရဲမယ်လို့ထင်ပါတယ်။ပြည်သူတွေက ဘာကြောင့်ကန့်ကွက်လဲ။ ပြည်သူတွေက တော့ ဒီရုပ်ရှင်ဇာတ်ကား ဟာ မိတ္ထီလာအရေးအခင်းကို အခြေခံရိုက်ကူးထားပေမယ့် ဘာမှမဆိုင်တဲ့ ဆရာတော် ဦးသောဘိတ ကို ဆိုင်ကယ်ပေါ်ကနေရိုက်ချပြီး ဗလီထဲဆွဲသွင်းပြီး ဓာတ်ဆီ ၆ ဂါလံလောက် နဲ့ နောက်က နေ လောင်းချ မီးရှို့သတ်ခဲ့တာတွေ ဟာ ထိန်ချန်ထားလို့ပဲ ဖြစ်ပါတယ်။ဘာကြောင့်ထားတာလဲ ? OIC ကထောက်ပံ့ကြေးပေးပြီး ရိုက်ကူးထားတယ်ဆိုတဲ့ သတင်းစကားဟာ အမှန်ပဲလား ၊ ဒီကိစ္စကို ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၊ ကြည်ဖြူသျှင်နဲ့ ရိုက်ကူးရေးပါဝင်ခဲ့သူတွေဟာ တစ်ယောက်မှ ရှင်းလင်းပြောဆိုမှု မရှိခဲ့သလို၊
စာနယ်ဇင်း ပြည်တွင်း သတင်းဂျာနယ်တွေကလည်း ထောက်ပြ မေးခွန်းထုတ်တာတွေ မရှိပါဘူး။ ပြည်သူတွေ အနေနဲ့ကတော့ရှင်းပါတယ်တစ်ဖက်သက် ရိုက်ကူးထားတဲ့ ဇာတ်လမ်းမို့ အသားထဲက လောက်ထွက် မင်းထင်ကိုကိုကြီး ရိုက်တဲ့ ဒီဇာတ်ကားကို ပဋိပက္ခတွေ ထပ်တိုးမလာစေဖို့ ကန့်ကွက်နေတာပဲဖြစ်ပါတယ်။ 

ဆောင်းပါးရှင် မွန်မွန်မြတ်


         မူလရုပ်အသွင် ထုတ်ဖော်ခံလိုက်ရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ကြည်ဖြူသျှင်တို့ဟာမိမိတို့ရဲ့
ငွေထုပ်ကြီး စားရခါနီးမှ ပြုတ်ကျ ဆိုသလို ဘယ်တာက ဒီစကားလုံးတွေ ထွက်သလဲဆိုတာ အပြင်းအထန် တိတ်တဆိတ်စုံစမ်းကြပါတော့တယ်။အဲ့ဒီမှာ သူတို့ဟာ Qing Minya ဆိုတဲ့ ဖေ့ဘွတ်အကောင့်ကနေ သူတို့အကြောင်းတွေ ကို လူသိသွားတာဖြစ်တဲ့အတွက် အာရပ်ငွေကြေးအပြည့်စို့ထားတဲ့ ဧရာဝတီ သတင်းဌာနကနေ” “The Open Sky” လူ့အခွင့်အရေးရုပ်ရှင် ဘာကြောင့် မပြသလဲ”ဆိုတဲ့ဆောင်းပါးအမည်နဲ့ စာရေးသူ မွန်မွန်မြတ်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်လာပါတယ်။အမှန်တော့ ဒါဟာ သူ့တို့ရဲ့အတွင်းစည်းမှာ ဒီလို ကြိတ်ပုန်းလုပ်တဲ့ သတင်းပေါက်ကြားမှု့ဟာ ဘယ်လောက်အထိ ဂယက်ရိုက်သွားလည်းဆိုတာ သူ့တို့ကိုယ်တိုင်
ထင်ဟပ်ပြလိုက်တာပါပဲ။တကယ်တော့ ဆောင်းပါးရှင်မွန်မွန်မြတ် ဆိုတာ အခြားသူမဟုတ်ပဲ ဒါရိုက်တာမင်းထင် ကိုကိုကြီးနဲ့ အောင်ရင်ငြိမ်းဇာတ်ခင်းတဲ့သူတစ်ယောက်ဖြစ်တယ် လို့ သူတို့လောကသားတွေက ဆိုပါတယ်။ 



     The Open Sky ပြလို့မရတော့တဲ့အတွက် ဧရာဝတီ နဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပေါ် ဝေဖန်ချက်ကိုဒီလောက်အထိ Seriously ဖြစ်ရလောက်အောင် နောက်ကွယ်မှာဘယ်လို ညွှန်ကြားချက် အကြောင်းအရာတွေ၊ ဆက်နွယ်မှုအကြောင်းတရားတွေ ရှိနေလဲ မသိဘူး..။နောက်တစ်ချက်အနေနဲ့ ဧရာဝတီနဲ့ မင်းထင်ကိုကိုကြီးထဲ အိမ်မှာ အာရပ်ကမ္ဘာက ငွေကြေးတွေ ဘယ်လောက်ထိစီးဝင်ထားလဲဆိုတာ မေးခွန်းထုတ်စရာပါ။ အဲ့ဒီလောက်နဲ့တင်ရပ်မနေပဲ.. အခု ဒါရိုက်တာ ကြည်ဖြူရှင် ကပါ ရှင်မင်းယာ နဲ့အဖွဲ့ဆိုပီး လုပ်လာတော့ The Open Sky နဲ့ NLD ပါဆက်စပ်နေသလားဆိုတာ စဉ်းစားကြည့်မိပါတယ်...။

        ဒါရိုက်တာ ကြည်ဖြူရှင် ဆိုတာက အခု NLD က ကျောက်တံတားမှာ ဖွင့်ထားတဲ့ "အမေ့အိမ်"
ပရဟိတ စာသင်ကျောင်းရဲ့သင်တန်းမှူး...။ လတ်တလောမှာ ဒေါ်စု က နိုင်ငံအတွက် ရှေ့ဆောင်
လမ်းပြ ဖြစ်စေချင်တယ် ဆိုတဲ့ မက်လုံးနဲ့နိုင်ငံရေး အကြောင်းမသိတဲ့ သူကို အမေ့အိမ် မှာ သင်တန်းမှူးအဖြစ် တာဝန်ပေးလိုက်တော့ ဘာရယ် ၊ ညာရယ် မဟုတ်ဘူး..NLD ထိလို့ နာပြတာလား ၊ ဘာလား ပေါ့လေ...။



  နိုင်ငံရေး အကြောင်း မသိတာလို့ ပြောတယ် ဆိုတာကလည်းအခု ရှင်မင်းယာ ကို နိုင်ငံရေး လုပ်နေမှန်း၊ အမျိုးသားရေးလုပ်နေတဲ့ သူမှန်း ကွဲကွဲပြားပြား မသိလောက်အောင် ကြည်ဖြူရှင် ရောကျိတ်ထားတာ ဟာ ပညာမဲ့ဆန်းလွန်းလှပါတယ်။ ဒီအဖြစ်အပျက်ဟာ အသေအချာကြည့်မယ်ဆိုရင်တော့ ဘယ်သူတွေဟာ ဘယ်လိုပါဆိုတာ ထင်းခနဲမြင်ရမှာပါ။အထူးသဖြင့် Qing Minyaဆိုတဲ့အကောင့်ပိုင်ရှင် ရဲ့ ဖော်ထုတ်မှုမှာ အာရပ်လက်ဝေခံမီဒီယာ နဲ့ သူခိုးဓားရိုးကမ်းများဟာ ပရောဂါမှန်တော့ တုန်ဆင်းလာတာကို
မြင်လိုက်ရတာမို့..ပွင့်ထွက်လာသောမလုံသည့် အိုးများအဖြစ် မှတ်တမ်းစု ဖော်ပြလိုက်ရပါသည်။ 


သားရွှေလူ 

No comments: