ရန်ကုန် ၊ ဇူလိုင် ၂ ၊
ဆောင်းပါးရှင် စည်သူအောင်မြင့် ရေးသားသော ရန်ကုန်တိုင်းမ်ဂျာနယ်နယ်တွင် ပါဝင်ခဲ့သည့် “ NDF ပါတီရဲ့နိဂုံး ” ဆောင်းပါး
ရေးသားချက်များသည် NDF ပါတီ၏ လက်ရှိဆောင်ရွက်နေသော ဒီမိုကရေစီစနစ် တည်ဆောက်ရေး နှင့် ပြည်သူများအတွက်
ဆောင်ရွက်နေမှုကို အပေါ် စာဖတ်သူများအတွင်း အဆိုးမြင်စေနိုင် သော သဘောထားများ ဖြစ်ပေါ်စေသောကြောင့် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသို့တိုင်ကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့ပါတီရဲ့ ဆောင်ရွက်ချက်တွေကို အထင်အမြင်လွဲမှားအောင် ရေးသားထားတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင် နဲ့ သတင်းမီဒီယာကောင်စီကို တိုင်းကြားထားပါတယ် တရားလို၊ တရားခံ မျှမျှတတ ဆောင်ရွက်နိုင်အောင်တင်ပြထားပါတယ်
အဲ့ဒီကိစ္စအတွက် ပါတီအနေနဲ့လည်း သတင်းအပြည့်အစုံ ထုတ်ပြန်ထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု(NDF )ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီသတင်းထုတ်ပြန်ချက်တွင် “NDF ပါတီရဲ့နိဂုန်း”ဆောင်းပါးအတွက် အရေးယူဆောင်ရွက်
ပေးပါရန် ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်းရှိ ပါတီစည်းရုံးရေးကော်မတီ အဆင့်ဆင့် တို့မှ ပါတီဌာနချုပ်သို့တောင်းဆိုချက်များအရ
လည်းကောင်း၊အဆိုပါတောင်းဆိုချက်များ အပါအဝင် ပါတီ၏နိုင်ငံရေးဂုဏ်သိက္ခာကို မမှန်မကန် ဝေဖန်ပုတ်ခတ်မှုအား တရားမျှတစွာ
တုန့်ပြန်ရန်ဟူသည့် နိုင်ငံရေး တာဝန်အရလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် မြန်မာနိုင်ငံသတင်းမီဒီယာ
ကောင်စီသို့ တိုင်ကြားထား ကြောင်း ပါရှိသည်။
အဆိုပါတိုင်ကြားစာ နှင့် ပါတ်သက်၍ ဆောင်းပါးရှင်စည်သူအောင်မြင့် မှ “ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်အနေနဲ့ သေချာ
သုံးသပ်ပြီးရေးသားခဲ့တာပါ ဒီလိုတွေဖြစ်လာနိုင်တယ် ဆိုတာကို ကြိုတင်တွေးမိပါတယ် တိုင်ကြားစာနဲ့ ပါတ်သက်ပြီးပြောရရင် သတင်း
မီဒီယာ ကောင်စီကို တိုင်ကြားတာကတော့ ဖြစ်သင့်ပါတယ် ရွေးကောက်ပွဲကော်မရှင်နဲ့ မသက်ဆိုင်တဲ့အတွက် မတိုင်ကြားသင့်ဘူးလို့
ကျွန်တော်ထင်ပါတယ် သတင်းမီဒီယာ ကောင်စီက တွေ့ဆုံဖို့ခေါ်ရင် ကျွန်တော်သွားရောက်တွေ့ဆုံမှာပါ” ဟု ပြောကြားခဲ့သည်။
“NDF ပါတီရဲ့သတင်းထုတ်ပြန်ချက်မှာ အဆိုးမြင်စေတဲ့ သဘောထားဖြစ်ပေါ်စေတယ် ဆိုတာ ကျွန်တော်လက်မခံပါဘူး ပါတီတစ်ခုရဲ့
လုပ်ဆောင်ချက် ကောင်းခြင်း၊ဆိုးခြင်း ကို ပြည်သူက ဆုံးဖြတ်မှာပါ ကျွန်တော်က အမြင်အတိုင်း ရေးတာပါ ကျွန်တော်ရေးတဲ့ဆောင်းပါးမှာ
ဘယ်အချက်တွေ မှားနေတယ်ဆိုတာ တစ်ခုချင်းစီ သေချာ ထောက်ပြပြောစေလိုပါတယ်” ဟု၎င်းကဆက်လက်ပြောကြားသည်။
NDF ပါတီရဲ့နိဂုန်း ဆောင်းပါးအား တရားဝင်တုန့်ပြန်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း
ထုတ်ပြန်ချက်အမှတ် ၃၀/၂၀၁၄ ၊ ဇူလိုင်လ ၂ ရက် ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ချမ်းမင်းဟန်

posted from Bloggeroid
No comments:
Post a Comment