Friday, July 4, 2014

ပြည်သူ့ အသံလေး နားစွင့်ပေးပါ

Jul 4, 2014
နာဂစ်အလွန် ပြန်လည်ထူထောင်ရေး ကာလအစိုးရ၀န်ကြီးတစ်ပါး ဧရာ ၀တီတိုင်းအတွင်းမြို့  နယ်တစ်ခုမှာ မျိုးစပါး တွေ ဖြန့် ဝေပေး ပြီး နောက် တခေါက် ပြန်ရောက်ချိန်လယ်သမား တွေနဲ့  ပြန် တွေ့  လို့အခြေအနေမေးမြန်းတော့ လယ်သမား အဖိုး ကြီး တစ်ဦး ပြောလိုက်တာကတော့ “တော်စမ်း ပါ ကျော်ဆန်းရာ မင်းပေးတဲ့ မျိုးစပါး လေး တင်းက အဖျင်းတွေချည်း ပဲကွာ “ တဲ့။ ဒီစကား ဟာ အခု အချိန်ထိ ပြောစမှတ်ဖြစ်ကျန်ခဲ့ ပါတယ်။

အခုလဲ တော်စမ်းပါ စည်ပင်ရာ လို့ ပြောရတော့မှာပဲ။ တနွေ လုံး အိပ်ငိုက်နေ ခဲ့ပြီး မိုးရွာမှ ကားလမ်းတွေဖြတ်ပြီး မြောင်းတွေ လိုက်တူးလိုက်တာ မိဘပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး တော်တော် ဒုက္ခရောက်နေကြရပါတယ်။ ဟိုဘက် ဒီ ဘက် ရေမြောင်း မရှိတဲ့ကားလမ်းကိုလည်း ဖြတ်တူး ပစ်တယ်။ပြီးရင် အုတ်စီ အင်္ဂတေ ကိုင်ပြီး ရေမြောင်းအဖြစ်အပေါ်က အင်္ဂတေကိုင်ပြန်အုပ် ကားလမ်း ပြန်လုပ်ဖို့ ပါ။မေ လ ဆန်းကတည်းက ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ တူးဆွကြပြီးအခုနှစ်လကျော်အထိ လူတွေ ကား တွေ သွားလို့ မရသေးဘူး။
တော်စမ်းပါစည်ပင်ရာ… ..စင်္ကာပူလို လုပ်မယ် ကျားဖမ်းမယ် ဆင်ဖမ်းမယ် ပြောမနေပါနဲ့ မြောင်းမရှိဘဲ ဖြတ်တူးထားတဲ့ ကားလမ်း မြန်မြန်ပြီးအောင်သာ လုပ်ပေးပါ လို့ ပြောရတော့မှာ ဖြစ်ပါတယ်။

မိုးမရွာ၍ မီးပျက်သည်၊မိုးရွာ၍မီးပျက်သည် ဆိုတဲ့ တော်စမ်းပါ EPC ရာ ကလည်းရှိသေးတယ်။ ဓါတ်အားလိုင်းမလွတ်တဲ့ သစ်ကိုင်းတွေကလည်း မိုးရွာမှ ချက်ခြင်း ဓါတ်အားလိုင်းတွေပေါ် တက်လာ သလားမသိဘူး။ တနွေလုံးရေမရှိ လို့ မီးပျက်ချိန်မှာမခုတ်ဘဲ အခု မီးရမယ့်အချိန်ကျမှ သစ် ပင် ခုတ်လို့ မီးပျက် ရပြန် ပါတယ်။သစ်ပင် မခုတ်တဲ့ ညဘက်လည်း ပျက်လိုက်လာလိုက် နဲ့  အလှည့်ကျ မဟုတ်ဘဲ လာချင်သလိုလာပျက်ချင်သလိုပျက် မီတာခတက်လည်းမီးကပျက်မြဲ ဖြစ်လို့ တော်စမ်းပါ EPC ရာ …. ဘယ်အချိန်လာမယ် ဘယ်အချိန်ပျက်မယ် ဆိုတာ တပါတ်စာ ကြို ကြေငြာ ပြီး အလှည့် ကျသာ လုပ်စမ်းပါ လို့ ပြောရတော့မှာဖြစ်ပါတယ်။

မထသ ကို မထူးအသင်း လို့ အပြင်မှာတော့ ခေါ်ကြတယ်။သူရှိလည်း ရန်ပုံငွေ ထည့်ရ တာ ပဲ ရှိတယ်။ သူက NGO လို့ လည်းပြောတယ်။အထက်မှာ ရန်ကုန် တိုင်းဒေ သကြီးအစိုးရရှိတယ်တဲ့ ။ စည်းကမ်းထိန်း ဘယ်နှစ်ဖွဲ့ နဲ့ ဘယ်လိုထိန်းကြောင်း စစ်ကြောင်းတွေလည်းဂျာနယ်တွေ TV တွေမှာ မကြာခန ၀ါဒဖြန့် လေ့ရှိတယ်။ ခရီးသွားမိဘပြည်သူတွေ အဆင်ပြေအောင်ဘယ်လိုစီမံပေးကြောင်း လည်း ခနခန ပြောတတ်တယ်။စပယ်ယာတွေ ကို ယဉ်ကျေးလိမ်မာ သင်တန်း တက်ပြီးမှ ခန့်  ကြောင်းလည်းပြောတယ်။သူတို့စစ်ဆေးတဲ့ကြားကစည်းကမ်းဖောက်နေကြကြောင်းလည်းပြော တတ် တယ်။ ဂျပန် ဂျကာ နဲ့ လုပ်နေတယ် ဘာညာ နဲ့ တော်စမ်းပါ မထသရာ …… စပယ်ယာနဲ့ ခရီးသည် နေ့စဉ်စကားမများရအောင် မူလတန်း ကလေး တောင်စစ်လို့
ရတဲ့လိုင်းကားတွေပေါ်မှာ ယာဉ်စီးခ နှုံး တွေ ကားတိုင်း ကပ်ထားအောင် သာ အရင် လုပ်ပေးစမ်းပါ လို့ ပြောရတော့မှာဖြစ်ပါတယ်။ ။


၂.၇.၂၀၁၄။
Credit To.. U Thaung Aye
OppositEye

No comments: