Monday, June 30, 2014

“ငွေအပ်သူတွေ ဘဏ်လာစရာမလိုတော့ဘဲ ဘဏ်ဝန်ဆောင်မှုတွေ စီမံခန့်ခွဲတာ လုပ်နိုင်ပြီ”


ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်နှင့် တွေ့ဆုံခြင်း
အင်တာနက်ဘဏ်လုပ်ငန်းဝန်ဆောင်မှုစနစ် (Internet Banking Service)သည် ငွေအပ်နှံသူများ Customers အင်တာနက်အသုံးပြုနိုင်သည့် PCs, Laptops, Smartphones, Tablets များနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုများကို လုပ်ငန်းခွင်တွင် ဖြစ်စေ၊ နေအိမ်တွင်ဖြစ်စေ၊ အခြားမည်သည့်နေရာတွင်ဖြစ်စေ ၂၄ နာရီစလုံး အသုံးပြုဆောင်ရွက်နိုင်မည့် စနစ်တစ်ခုဖြစ်ပြီး ယင်းဝန်ဆောင်မှုကို စတင်ဆောင်ရွက်ပေးနေသည့် ဧရာဝတီဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖြိုးအောင်ကို မဇိ္ဈမသတင်းစာမှ သတင်းထောက် သီဟကိုကိုက တွေ့ဆုံမေးမြန်းထားပါသည်။
ဧရာဝတီဘဏ်ကို Internat Banking Service ဆောင်ရွက်နိုင်ဖို့ ဗဟိုဘဏ်က ဘယ်နေ့ကစပြီး ခွင့်ပြုချက်ပေးခဲ့တာလဲ။

ဧရာဝတီဘဏ်က ဇွန်လ ၁၇ ရက်မှာ Inမြန်မာနိုင်ငံမ Service လုပ်ကိုင်ခွင့်ကို ရရှိခဲ့တယ်။ Custo- mers တွေအတွက် ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာInternet Banking Service ကို ပထမဦးဆုံးဝန်ဆောင် မှုကို စပေးနိုင်ပါပြီ။
ယခင်ကဆောင်ရွက်ခွင့်ရရှိတဲ့ ၀န်ဆောင်မှုတွေနဲ့ အင်တာနက်ဘဏ်ဝန်ဆောင်မှုအသစ်က ဘာ တွေကွာခြားလာလဲ။
အရင်က Customers က ဘဏ်မှာ ငွေသွင်း၊ ငွေထုတ်တာဖြစ်ဖြစ်၊ Account Information (မိမိဘဏ် စာရင်းအချက်အလက်) ကြည့်တာဖြစ်ဖြစ်၊ ငွေလွှဲတာဖြစ်ဖြစ် ဘဏ်ကိုလာရတယ်။ ဘဏ်ကိုလည်းမနက် ကိုးနာရီကနေ သုံးနာရီအတွင်းလာရပြီးတော့ စနေ၊ တနင်္ဂနွေဆိုလည်း ဘဏ်တွေကပိတ်တယ်။
လွန်ခဲ့တဲ့နှစ်နှစ်က ATM Banking စတဲ့အချိန်မှာ Customerတွေအတွက်Channel အသစ်တစ်ခုတိုး လာတယ်။ ဘဏ်ခွဲကိုသွားစရာမလိုတော့ဘဲ ဘဏ်ဝန်ဆောင်မှုတွေကို ၂၄ နာရီ၊ ခုနစ်ရက်ရတယ်။ ငွေသွင်းတာနဲ့ ငွေစာရင်းရှင်းတမ်း(Statement)တောင်းတဲ့ကိစ္စအတွက်ပဲ ဘဏ်ကိုလာရတော့မယ်။ ကျန် တဲ့ဘဏ်လုပ်ငန်းဆိုင်ရာအားလုံးကို ATM နဲ့လုပ်လို့ရတယ်။ ဒါပေမဲ့ မိမိနဲ့အနီးဆုံးဖြစ်တဲ့ ATM စက်ဆီကို တော့ သွားရတယ်။ အခု Internet Banking ဟာ Customers အတွက် Service Channel အသစ်တစ်ခု ထပ်တိုးလာတာ။Internet Banking သုံးပြီး ငွေသွင်း၊ ငွေထုတ်တာအတွက်ပဲ ဘဏ်ကို လာရပြီးတော့ ကျန်တဲ့ဘဏ်ဝန်ဆောင်မှုတွေကို ဘယ်ကိုမှသွားစရာမလိုဘဲနဲ့ မိမိ ရောက်ရှိနေတဲ့ဘယ်နေရာကနေပဲဖြစ် ဖြစ် အင်တာနက်အသုံးပြုပြီးတော့ ဘဏ်လုပ်ငန်း Transaction ဆောင်ရွက်နိုင်ပါတယ်။
Customers တွေအနေနဲ့ အင်တာနက် ဘဏ်ဝန်ဆောင်မှုအသစ်အသုံးပြုမယ်ဆိုရင်ဘယ်လို အကျိုးရလဒ် တွေရနိုင်မလဲ။
Internet Banking သုံးပြီးတော့ ငွေလွှဲ၊ ငွေပို့တာ၊ မိမိဘဏ်စာရင်း လက်ကျန်ပမာဏတွေကို စစ်ဆေးနိုင် ပြီး ငွေစာရင်းရှင်းတမ်း (Bank Statement) တွေကိုဘဏ်ဆီလာဖို့မလိုဘဲ ထုတ်ယူဆောင် ရွက်နိုင်မယ်။ တစ်ဦးချင်သုံးစွဲမှုအပြင် ကုမ်္ပဏီတွေ အနေနဲ့ဆိုရင်လည်း ငွေစာရင်း အ၀င်၊ အထွက်တွေကို လုပ်ငန်းရှင် အနေနဲ့ ဘယ်နေရာကပဲဖြစ်ဖြစ် အင်တာနက်သုံးပြီး တိုက်ရိုက်စီမံနိုင်ပြီ။ အရင်ကထက် မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနိုင်မယ်။
AYA internet banking ကို အသုံးပြု မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။
ဧရာဝတီဘဏ်မှာ ငွေစာရင်း account ရှိရမယ်။ ဘဏ်မှာ AYA iBanking Application Form ဖြည့်ရ မယ်။ One time Password (OTP) ထုတ်ဖို့ Form မိတ္တူ ပေးမယ်။ ဘဏ်က မိမိအီးမေးလ်ကိုUser-name နဲ့ Password ကို ပို့ပေးမယ်။ ခုနစ်ရက်ကြာရင် Mini User Guide တွေပါတဲ့ Pack တစ်ခုနဲ့ OTP ကို ပို့ ပေးမှာပါ။ ပြီးရင်တော့အီးမေး Login ၀င်ရသလိုပဲ ၀င်ရောက်သုံးနိုင်ပါတယ်။
အင်တာနက်ကို အသုံးပြုဆောင်ရွက်ရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့လက်ရှိအင်တာနက်နှုန်းနဲ့ Internet Banking စနစ် အပေါ်ဘယ်လိုသက်ရောက်နိုင်မလဲ။
မိမိအသုံးပြုနေတဲ့ အင်တာနက်နှုန်းအခြေအနေပေါ်မူတည်ပြီးတော့ မြန်ရင် မြန်သလောက်လုပ်ငန်းတွေ ပြီးမြောက်နိုင်ပါတယ်။
တခြားဘဏ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာလား။
လောလောဆယ်တော့ ဧရာဝတီဘဏ်မှာ အကောင့်ဖွင့်ထားသူအချင်းချင်းပဲ ဆောင်ရွက်နိုင်မယ်။ တခြား ဘဏ်တွေက လုပ်ကိုင်လာတဲ့အခါ ချိတ်ဆက်လုပ်သွားမှာပါ။
ဘဏ်အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိလား။
Customers က မိမိကြိုက်နှစ်သက်တဲ့ ၀န်ဆောင်မှုတွေကို ရွေးပြီးသုံးနိုင်တယ်။
အရင်တုန်းက Customer က ဘဏ်ရဲ့ ၀န်ဆောင်မှုတွေလိုချင်ရင် ဘဏ်နဲ့ ATM စက်တွေဆီကိုလာ ရတယ်။ အခုကဘဏ်ကို Customer လက်ထဲထည့်ပေးလိုက်တာ။
Customer က ဘဏ်ဆီလာစရာ မလိုတော့ဘဲ ဘဏ်ဝန်ဆောင်မှုတွေကို စီမံခန့်ခွဲတာလုပ်နိုင်ပြီ။Custo- mer က ကမ္ဘာ့ဘယ်နေရာပဲရောက်ရောက် မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီဘဏ်က မိမိAccount ကို အင် တာနက်သုံးပြီး စီမံခန့်ခွဲတာလုပ်နိုင်ပါပြီ။

Posted via Blogaway

No comments: