Sunday, June 29, 2014

ဝေလည်းမွှေး ကြွေလည်းမွှေး သေလည်းအေး


ISIL နှင့် အယ်လ်နူဆရာတပ်ဦးတို့ ဒီနေ့ ဇွန် ၂၈၊ စနေနေ့မှာပဲ ဆီးရီးယားနယ်စပ်မှာ ဆော်နေကြပြီဆိုတဲ့ သတင်းပါ။ နှစ်ဖွဲ့လုံးက ဆွန်နီ အစ္စလမ္မစ် အကြမ်းဖက် သူပုန်အဖွဲ့တွေချည်း။ ISIL ဆိုတာက အယ်လ်ကိုင်ဒါ အဖွဲ့ကနေ ခွဲထွက်လာတဲ့ အဖွဲ့။ အယ်လ်နူဆရာက လက်ရှိ အယ်လ်ကိုင်ဒါ အဖွဲ့ခွဲ။ ဆွန်နီချင်းတူရက်နဲ့ ဘာလို့ သတ်ကြသလဲဆို စားခွက်လုကြတဲ့ သဘောပဲ။ တကယ်တော့ အယ်လ်နူဆရာရဲ့ ခေါင်းဆောင် အယ်လ်ဂိုလာနီ ဆိုတာက ISIL က ဘင်လာဒင်လက်သစ်လို့ နာမည်ကြီးနေတဲ့ ဘဂ္ဂဒက်ဒီရဲ့ လက်ထောက်ဖြစ်ခဲ့ဖူးတယ်။ ဘဂ္ဂဒက်ဒီ အီရတ်မှာ အီရတ်အယ်လ်ကိုင်ဒါ AQI ခေါင်းဆောင်လုပ်နေတုန်းကပေါ့။ သူကပဲ အယ်လ်ဂိုလာနီကို ဆီးရီးယားကို လွှတ်လိုက်တာပါ။ အယ်လ်ဂိုလာနီကလည်း ခေသူတစ်ယောက်တော့ မဟုတ်ပေဘူး။ ဆီးရီးယားကို ဘဂ္ဂဒက်ဒီထက် အရင်ရောက်ပြီး လျှမ်းလျှမ်းတောက် နာမည်ဆိုးနဲ့ ကျော်ကြားဖူးတယ်။ ဒါကို အယ်လ်ကိုင်ဒါ ခေါင်းဆောင်ကြီး ဇာဝါဟာရီက လွှတ်သဘောကျခဲ့တာပေါ့။ အဲ နောက်ပိုင်းမှာတော့ ဘဂ္ဂဒက်ဒီ နှင့် အယ်လ်ဂိုလာနီ သိက္ခာချင်းပြိုင်ကြပြီး ဘဂ္ဂဒက်ဒီက အယ်လ်ကိုင်ဒါက ခွဲပြီး AQI ကို ISIL လုပ်လိုက်တယ်။ 

အယ်လ်ဂိုလာနီရဲ့ အယ်လ်နူဆရာ တပ်ဦးကိုလည်း စိန်ခေါ်ပြီး တွေ့ကရာ လိုက်တိုက်ခဲ့တယ်။ ကျောင်းတော်က ရန်ငြိုးတွေလည်း ရှိခဲ့ပေသပေါ့။ ခုကတော့ ISIL အဖွဲ့ရဲ့ အင်အားက အယ်လ်ကိုင်ဒါထက်တောင် သာနေပါပြီ။ အီရတ် နှင့် ဆီးရီယားမှာ နယ်မြေတော်တော်များများ ပိုင်နေပါပြီ။ ဘာပဲဖြစ်ဖြစ် အယ်လ်နူဆရာနှင့် ISIL ကတော့ ဆွန်နီချင်း၊ အာဆတ်ကို တိုက်တဲ့သူပုန်ချင်းတူပေမယ့် ကမ္ဘာမကြေပါပဲ။ ဒီ နှစ်ပိုင်းလည်း ဒီနှစ်ဖွဲ့သတ်တာ လူတော်တော် သေပြီးပါပြီ။ ခုလည်း အယ်လ်ဘူ ကာမဲလ်ဆိုတဲ့ နယ်စပ်မြို့လေးကို ပိုင်ဆိုင်ဖို့ တိုက်ပွဲတွေ စပါပြီ။ အယ်လ်နူဆရာရဲ့ ဒေသခံ ခေါင်းဆောင်က ISIL ထံ သစ္စာခံလိုက်လို့ ISIL က အယ်လဘူ ကာမဲလ် နယ်မြေကို သက်သက်သာသာပိုင်သွားတာဆိုတော့လည်း အယ်လ်နူဆရာအဖို့ အူနုကျွဲခတ်ခံရတာပေါ့လေ။ ဒါ့ကြောင့်လည်း ကျန်သူပုန်အဖွဲ့တစ်ချို့ကို စည်းရုံးပြီး ISIL ကို လာတိုက်တာ။ ဒီကနေ့ ဇွန် ၂၈၊ စနေနေ့မှာ တိုက်ခိုက်နေပါတယ်။
ကျွန်တော်တို့ကတော့ အယ်လ်နူဆရာရော၊ ISIL ကိုပါ နှစ်ဖက်မျှမျှတတ လက်ခုပ်တီး အားပေးလိုက်ကြတာပေါ့ဗျာ။ အလ္လာဟ်အရှင်မြတ်ကြီးအတွက် ကြိုးစားကြတာဆိုတော့ များများသေအောင် တိုက်ကြပါလို့ပဲ အကြံပေးလိုပါတယ်။ နာမည်ကျော် ကမ္ဘာမကြေ ဆွန်နီအကြမ်းဖက်သူပုန်အဖွဲ့များ နယ်မြေလုပွဲဆိုတော့လည်း အသေအပျောက်ကတော့ နည်းမယ့်ပုံ မပေါ်ပါဘူး။
ကဲ မိတ်ဆွေများခင်ဗျား...
အလ္လာဟ်အရှင်မြတ်ကြီးအတွက် မြင့်မြတ်သောစစ်ပွဲဆင်နွှဲနေတဲ့ ငြိမ်းချမ်းသောဘာသာဝင်များဆိုတော့
ဝေလည်းမွှေး
ကြွေလည်းမွှေး
သေလည်းအေး
တာပေါ့ဗျာ။ မဟုတ်ဘူးလား။ 

Myo Min Thant

No comments: